ဘောလုံးပွဲစဉ်တွေအတွင်း ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲတာတွေကို လျှော့ချဖို့နဲ့ ပွဲကစားချိန် စီးဆင်းမှုကို ပိုမိုမြန်ဆန်လာစေဖို့အတွက် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ (IFAB) ရဲ့ အတည်ပြုချက်အရ လာမယ့် ၂၀၂၆-၂၀၂၇ ရာသီကစပြီး အောက်ပါ စည်းမျဉ်းသစ်တွေကို ပြတ်ပြတ်သားသား စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။
⏱️ ဂိုးကန်ဘော (Goal Kick) အချိန်ဆွဲရင် ကော်နာပေးမည်
အကယ်၍ ကစားသမားတစ်ဦး သို့မဟုတ် အသင်းတစ်သင်းဟာ ဂိုးကန်ဘော အမြန်မကန်ဘဲ အချိန်ဆွဲနေတယ်လို့ ဒိုင်လူကြီးက ယူဆရင် ၅ စက္ကန့် လက်ဟန်ပြ ကောင်းဒေါင်း (countdown) စတင်ရေတွက်မှာ ဖြစ်ပါတယ်။
သတ်မှတ်ချိန်အတွင်း ဘောလုံးကို ကွင်းထဲပြန်မသွင်းနိုင်ရင် ဂိုးကန်ဘော ဆုံးရှုံးမယ့်အပြင် ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘော (Corner) အဖြစ် ပေးအပ်ပြီး အပြစ်ပေးမှာ ဖြစ်ပါတယ်။
🤾♂️ ထုThrow-in (စည်းကြပ်ဘော) အချိန်ဆွဲရင် ပြိုင်ဘက်က ပြန်ပစ်ရမည်
စည်းကြပ်ဘော ပစ်ဖို့အတွက် အချိန်ဆွဲနေရင်လည်း ဒိုင်လူကြီးက ၅ စက္ကန့် ကောင်းဒေါင်း စတင်ပါလိမ့်မယ်။
အချိန်ပြည့်သွားတဲ့အထိ ဘောလုံးပစ်မသွင်းရင်တော့ အဆိုပါ စည်းကြပ်ဘော ပစ်ခွင့်ကို ပြိုင်ဘက်အသင်းထံ လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။
🏃♂️ လူစားလဲခံရသည့် ကစားသမား ၁၀ စက္ကန့်အတွင်း ကွင်းထဲမှ ထွက်ရမည်
လူစားလဲဘုတ်ပြသချိန် သို့မဟုတ် ဒိုင်လူကြီး အချက်ပြချိန်ကစပြီး လူစားလဲခံရတဲ့ ကစားသမားဟာ ၁၀ စက္ကန့်အတွင်း ကွင်းပြင်ပကို ထွက်ခွာရပါမယ်။
အကယ်၍ ၁၀ စက္ကန့်ထက် ကျော်လွန်ပြီး အချိန်ဆွဲနေရင် အဆိုပါကစားသမားဟာ ကွင်းပြင်ကို ဆက်လက်ထွက်ခွာရမှာ ဖြစ်ပေမယ့် လူစားဝင်မယ့် ကစားသမားသစ်ကတော့ ပွဲပြန်စပြီး အနည်းဆုံး ၁ မိနစ် (စက္ကန့် ၆၀) ပြည့်မှသာ ကွင်းထဲကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါ ၁ မိနစ်အတွင်းမှာ ၎င်းတို့အသင်းဟာ ကွင်းထဲမှာ ကစားသမား ၁၀ ဦးတည်းနဲ့သာ ရုန်းကန်ကစားရမှာ ဖြစ်ပါတယ်။