ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅,၀၀၀ ခန့်ကို အိန္ဒိယ ပြည်နှင်ဒဏ်ပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅,၀၀၀ ခန့်ကို အိန္ဒိယ ပြည်နှင်ဒဏ်ပေး

10 Jun, 2026
အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ ရွေးကောက်ပွဲ အနိုင်ရပြီးနောက်၊ တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅,၀၀၀ ခန့်ကို ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

"ရှာဖွေ၊ ရှင်းလင်း၊ ပြည်နှင်ဒဏ်ပေးမယ်" ဆိုတဲ့ ကတိနဲ့ အာဏာရလာတဲ့ ပြည်နယ်အစိုးရသစ်ဟာ အနောက်ဘင်္ဂလား တခွင်မှာ ထိန်းသိမ်းရေးစခန်းတွေ ချက်ချင်းဖွင့်လှစ်ခဲ့တာပါ။

ပြည်နယ်ဝန်ကြီးချုပ် ဆူဗင်ဒူအဒီကာရီက လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄,၈၀၀ ကျော်ကို နယ်စပ်ဖြတ်ကျော် မောင်းထုတ်ပြီးပြီဖြစ်သလို၊ ကျန်ရှိနေတဲ့ လူရာပေါင်းများစွာကိုလည်း ဆက်လက် ပြည်နှင်ဒဏ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဝေဖန်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီလုပ်ရပ်ဟာ စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်းတွေမရှိဘဲ အတင်းအကျပ် ပြန်ပို့နေတာဖြစ်ပြီး ဘာသာရေးခွဲခြားမှုကို ပိုဆိုးစေတယ်လို့ စွပ်စွဲနေကြပါတယ်။

၂၀၂၄ တော်လှန်ရေးအပြီး ရှိတ်ဟာစီနာ အစိုးရပြုတ်ကျချိန်ကစလို့ ဆိုးဝါးခဲ့တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးဟာ အခုလို ပြည်နှင်ဒဏ်ပေးမှုတွေကြောင့် ရှေ့ဆက် ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။