မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်EAOများနှင့်တွေ့မည်

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်EAOများနှင့်တွေ့မည်

10 Jun, 2026
“ကျွန်မအနေနဲ့ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်၊ လက်ရှိ အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ စုံစမ်းဖို့နဲ့ ကျွန်မတို့အနေနဲ့ ဘယ်လိုမျိုး အမှန်တကယ် ကူညီပေးနိုင်မလဲဆိုတာ ရှာဖွေဖို့ ရည်ရွယ်ထားပါတယ်” ဟု တိုကျိုမြို့တွင် ကျင်းပသည့် နစ်ကေးဖိုရမ်တွင် ဝန်ကြီး လာဇာရိုက ပြောသည်။

မည်သည့် အဖွဲ့များနှင့် တွေ့ဆုံမည်၊ သို့မဟုတ် မည်သည့် နေရာတွင် တွေ့ဆုံပွဲကို ကျင်းပမည်ဟူသည့် အချက်ကိုမူ လာဇာရိုက တိတိကျကျ ပြောခဲ့ခြင်း မရှိပေ။