UFC Freedom 250

UFC Freedom 250

08 Jun, 2026
UFC Freedom 250 ပြိုင်ပွဲကို ပြင်ထားတာ အလန်းဇယားကြီးပါ။ Donald Trump နဲ့ Dana White တို့ ပူးပေါင်းထားတဲ့ မဟာပရောဂျက်ကြီးပါ။ ဆယ်လီတော်တော်များများ ပွဲတက်ကြမှာဖြစ်ပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြလိမ့်မယ်။ ပုံမှန်ပွဲတွေလို တွဲဆိုင်းအများကြီးမဟုတ်ဘဲ တွဲဆိုင်း (၇) ခုပဲ ထည့်ထားတယ်။ အမှတ်ပေးအဆုံးအဖြတ်ထက် ပွဲသိမ်းမယ့် တွဲဆိုင်းတွေပါ။

UFC အဖွဲ့အစည်းက UFC Freedom 250 ပြိုင်ပွဲကို ဒေါ်လာ (၆၀) သန်း အကုန်အကျခံပြီး ပြင်ဆင်ထားတာပါ။ အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင် The South Lawn မှာ သံဇကာခင်းပြီး ပွဲထိုးခိုင်းပါမယ်။ ပွဲပြီးရင် မြက်ခင်းပြင်ကို ပြန်ပြင်ပေးရမှာ ဒေါ်လာ (၇) သိန်းကုန်မယ်။ စုစုပေါင်း ကုန်ကျစရိတ်က ဒေါ်လာ (၆၀) သန်းပါတဲ့။ ပြန်ရမှာက ဒေါ်လာ (၃၀) သန်းဆိုတော့ UFC Freedom 250 ပြိုင်ပွဲက အကျိုးအမြတ်အတွက်မဟုတ်ဘဲ ဂုဏ်သိက္ခာအတွက်ပါ။

မိန်းစပွန်ဆာ Crypto.com ကလည်း စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေကို ဒေါ်လာ (၁) သန်းပေးမယ်။ ငွေသားမဟုတ်ဘဲ Cryptocurrency Bonus ဖြစ်ပါတယ်။ ပြီးတော့မှ ငွေသားပြန်လဲလိုက်ပါ။

UFC Freedom 250 ပြိုင်ပွဲကို တနင်္လာနေ့ မြန်မာစံတော်ချိန် မနက် (၆) နာရီခွဲမှာ စပါမယ်။ တွဲဆိုင်းက (၇) ဆိုင်းဆိုတော့ ဒုတိယခေါင်ပွဲနဲ့ ခေါင်ပွဲက တနင်္လာနေ့ မြန်မာစံတော်ချိန် မနက် (၁၀) နာရီကျော်လောက်မှာဖြစ်ပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။