အောင်မြတ်သာနဲ့ဘီလူးမွေးတဲ့ရွာ

အောင်မြတ်သာနဲ့ဘီလူးမွေးတဲ့ရွာ

10 Jun, 2026
" အဖြစ်ဆိုးလိုက်တာကလေးတို့ရယ် အမေ့သားကြီးရောဟင် သူကဘယ်ရောက်သွားတာလဲ"

" သူက အုတ်နီကန်သင်္ချိုင်းမှာအဖမ်းခံထားရတယ် တစ်ခါတစ်လေ သူကခေါင်းမာတယ် ပိုင်ရာဆိုင်ရာတွေကို ခွင့်မတောင်းပဲ အလောင်းကိုဖော်စားတတ်တယ် ဒါပေမယ့် အုတ်နီကန်သင်္ချိုင်းလဲရောက်ရော ဖော်စားထားတဲ့အလောင်းကောင်ရဲ့အသားစကို မဖဲဝါနန်းဆောင်မှာသွားတင်တဲ့အချိန် မဖဲဝါစီးတဲ့ခွေးနက်ကြီးက သူ့ကိုခါးလည်ကနေ ကိုက်ချီသွားခဲ့တာ အခုထိပြန်မတွေ့ရတော့ဘူး"

" သားကိုအမေတို့ထပ်တွေ့ချင်ရင် ဘယ်လိုခေါ်ရမလဲ "

" အမေတို့သားကိုတွေ့ချင်ရင် ညမှောင်ရီတရောအချိန်ရောက်ရင် လမ်းဆုံလမ်းခွမှာ ငှက်ပျောဖက်ထဲ အသားစိမ်းထည့်ပြီး ကျုပ်နာမည်ကိုခေါ်လိုက်ပါ ရောက်ရာအရပ်ကနေ ကျုပ်လာခဲ့ပါ့မယ် အခုတော့ ကျုပ်သွားရတော့မယ် "

ငွေခဲရဲ့စကားအဆုံးမှာ ခြံစည်းရိုးအဝင်ဝမှာထွန်းထားတဲ့ဖယောင်းတိုင်မီးက ရုတ်တရက်ငြိမ်းသွားခဲ့တယ်။

" မငိုနေပါနဲ့ မြပွင့်ရယ် သူတို့ကံကဒီလိုပါလာတာကိုး ငါတို့လဲသူတို့အတွက် ကုသိုလ်လုပ်ပေးရင် ဒီထက်မြင့်တဲ့ဘဝကိုရောက်သွားကြမှာပါ"

ဦးစည်မြိုင်က ဒေါ်မြသက်ကိုအားပေးစကားပြောပြီးလှည့်ကြည့်လိုက်တော့ စောနက ရှိနေတဲ့လူသုံးယောက်ကိုမတွေ့ရတော့ဘူး။ မျက်စိရှေ့မှာတင်ပျောက်သွားတဲ့လူသုံးယောက်အကြောင်းနဲ့ လူစင်စစ်ကနေ ဘီလူးဖြစ်သွားတဲ့ ရွှေခဲ၊ငွေခဲတို့ညီအစ်ကိုအကြောင်းကတော့ ကျွဲတဲရွာမှာပြောစမှတ်တွင်ခဲ့ကြတယ်။

အောင်မြတ်သာတို့ကျွဲတဲရွာကနေ ပျောက်ကွယ်သွားပြီးတော့ရက်အနည်းငယ်အကြာ" အုတ်နီကန်သင်္ချိုင်း" ထဲမှာပြန်ပေါ်လာခဲ့ပါတယ်။

အောင်မြတ်သာတို့ဘာကြောင့် အုတ်နီကန်သင်္ချိုင်းကိုသွားတာလဲ။

အုတ်နီကန်သင်္ချိုင်းမှာဖမ်းခံထိထားတဲ့ ရွှေခဲက အောင်မြတ်သာတို့အတွက်ဘယ်လိုအသုံးဝင်မလဲ။

အုတ်နီကန်သင်္ချိုင်းသခင်မဖြစ်တဲ့မဖဲဝါက အသာတကြည်ငြိမ်ခံမလား။

စတဲ့အကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)